နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ မိုးကြိုးဘေးအသိပညာပေး Talk Show ကျင်းပ

နွားထိုးကြီး မတ် ၁၄

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မိုးကြိုးဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်မေသျှန်ဒီအောင်ကျော်မှ မိုးကြိုးဘေးအန္တရာယ်နှင့် ပတ်သက်၍ မိုးကြိုးပစ်ခြင်း၊ မိုးကြိုးဘေးအများဆုံး ဖြစ်ပွားတက်သည့် မိုးကြိုကာလ ဧပြီလ၊ မေလနဲ့ မိုးနှောင်းကာလ တွေဖြစ်တဲ့ အောက်တိုဘာလနှင့် နိုဝင်ဘာလများမှာ အများဆုံးဖြစ်တက်ခြင်း၊ မိုးကြိုးဘေးအဖြစ်များဆုံးအချိန် မိုးကြိုးဘေးခံစားရသူများ၊ မိုးကြိုးဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် လိုက်နာရမည့် အချက်များ၊ မိုးကြိုးပစ်ခြင်း ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်ပြီး သဘာဝဘေးဖြစ်ပေါ်ပြီးနောက် ရှောင်ရှားရမည့်အချက်များ၊ အရေးပေါ်သုံးပစ္စည်းများ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်