သတင်းများ

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Mar 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်၌ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများ ဘူးပေါ်တွင် ရည်ညွှန်းချက် အပြည့်အစုံရှိ/မရှိ စစ်ဆေး
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးမှ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများ၏ ဘူးပေါ်တွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ရေးသားဖော်ပြခြင်း ရှိ/မရှိ ယမန်နေ့နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Mar 14,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
နမ္မတူမြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း (၄)မျိုး အခမဲ့ သင်ကြားပေး
Mar 14,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ် ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စုပေါင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ
မြို့သစ်မြို့နယ်တွင်လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက်ထောက်ပံ့ငွေပေးအပ်    
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ ပြုပြင်ပြင်ဆင်ဆောင်ရွက်ရန် ထောက်ပံ့ငွေပေး အပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နုနုထွေး က လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ရွှေတောင်မြို့၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ်
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းကို မတ် ၂ ရက် နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Mar 14,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA.4နှင့်BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက် ၉နာရီအချိန်က ပန်းတောင်းမြို့နယ် ဇရပ်လှကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ကွင်းဆင်းကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။