ဘားအံခရိုင် (Community Centre) ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ဘားအံ မတ် ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့ မွန်းလွဲ  (၃) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဝင်းက ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ စားသုံးသူအခွင့်အရေးမဆုံးရှုံးစေရေး အတွက် ကမ္ဘာ့နိုင်ငံအသီးသီး တွင် ဥပဒေများပြဌာန်းခဲ့မှု၊ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်‌ပေးရေး ဥပဒေ၊ နည်းဥပဒေများ ပြဌာန်း နိုင်မှု၊ စားသုံးသူများ၏ အခြေခံအခွင့်အရေး(၈)ချက်နှင့် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့်  ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူကဏ္ဍ မြှင့်တင်ဖို့ သန့်ရှင်း စွမ်းအင်ကူးပြောင်းစို့” စသည်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင် များ ငှားရမ်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများအပြင် ဒေသအတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များနှင့် ပူးပေါင်း၍ ဗဟုသုတဖြစ်စေမည့် အသိပညာပေး အကြောင်းအရာများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)