မြေပုံမြို့၌ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နယ်လှည့်ဆေးကုဆေးအဖွဲ့ ရောက်ရှိမည့်နေ့ရက်၊ နေရာ၊ ဆေးကုသမည့်အချိန်တို့ကို ပြည်သူ့များသိရှိနိုင်ရန် လှည့်လည်ကြော်ငြာ

မြေပုံ မတ် ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊  မြေပုံမြို့သို့ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) နယ်လှည့်ဆေးကုအဖွဲ့ ရောက်ရှိမည့် နေ့ရက်၊ နေရာ၊ အချိန်တို့ကို ပြည်သူများသိရှိနိုင်ရန်အသိပေး လှည့်လည်ကြော်ငြာခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၇)ရွာသို့ သွားရောက်လှည့်လည်ဆော်ဩသည်။

လှည့်လည်ဆော်ဩရာ၌ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) နယ်လှည့်ဆေးကုဆေးအဖွဲ့သည် မြေပုံမြို့ ပညာဗိမာန်ရိပ်သာကျောင်းတိုက်၌ ၂၀၂၃ ခုနစ်၊ မတ်လ(၁၅)ရက်နှင့်(၁၆)ရက်နေ့တို့တွင် နံနက်(၈)နာရီမှ စတင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးဆော်ဩသည်။

ပြည်သူများအားလွယ်လင့်တကူ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ မြို့မိ/မြို့ဖများပူးပေါင်း၍ ဆေးကုသမည့် သတ်မှတ်နေရာများ၊ ဝန်ဆောင်မှုလုပ်ငန်းများအား စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တင်ဝင်း