သတင်းများ

ကံမမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝဲကြီးကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန် အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ကံမမြို့နယ် ဝဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး  ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Mar 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂- ၂၀‌၂၃ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ယနေ့နံနက်ပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရန်တောင်သူများ စတင်ထွန်ယက်ပျိုးထောင်
Mar 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း နွေစပါးသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်နဝင်းရေလှောင်တမံမှ ဆည်ရေများကို မတ်လ ၁ ရက်နေ့က စတင်၍ ပေးဝေနေပြီဖြစ်ရာ ‌တောင်သူများမှ နွေစပါးသီးနှံစိုက်ပျိုးရန် စတင်လယ်မြေများ ကို ထွန်ယက်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့၌ စက်သုံးဆီဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ
Mar 10,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသမှုကို ယမန်နေ့ မွန်းလွဲပိုင်းက စက်သုံးဆီအရောင်းဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၊ အမရကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီ ပြန်လည်ဖွဲ့စည်း
Mar 10,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပုကိုင်ကျေးရွာအုပ်စု၊ အမရကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
မိုင်းဆတ်မြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေး လုပ်ကိုင်သူများ အဆင်ပြေ
Mar 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေး လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တာမိုးညဲချမ်းသာ သစ်အခြေခံစက်မှုလုပ်ငန်း ကုမ္မဏီလီမိတက်၏ လုပ်အားခပေး‌ချေပြီး ပိုလျှံငွေများကို အလုပ်ရှင်သို့ပြန်လည်ပေးအပ်ခြင်း အခမ်းအနား
Mar 10,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းနှင့် ၇၈ လမ်းကြား၊ စစ်ကိုင်းလမ်းခွဲရှိ နားမကြားသောကလေးများကျောင်းခန်းမတွင်  တာမိုးညဲချမ်းသာ
မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Mar 10,2023
စာဖတ်ရှုသူများအချင်းချင်း တွေ့ဆုံကာ မိမိဖတ်ရှုလေ့လာထားသည့် စာအုပ်မှရရှိသည့် ဗဟုသုတများအား အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန်နှင့် စာကြည့်တိုက်သို့    လစဉ်ရောက်ရှိလာသည့် စာအုပ်များအား    စာဖတ်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက်      စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။