မြစ်သားမြို့နယ်၌  နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည် ၊ ကန် ၊ တမံများမှ  ရေများ ဖြန့်ဝေပေး

မြစ်သား မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ  စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံ     တောင်သူများ   နွေစပါးနှင့်  အခြားသီးနှံများ အချိန်မှီ ပြီးစီးအောင် စိုက်ပျိုးနိုင်ရေးနှင့်  စိုက်ပျိုးရေ ဖူလုံစေရေးတို့အတွက် အဆိုပါဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ အစိုးရထိန်း ဆည်၊ကန်၊တမံများမှ လယ်ယာမြေစိုက်ခင်းများအရောက် စိုက်ပျိုး‌ရေများကို စနစ်တကျ ဖြန့်ဝေပေးလျက်ရှိရာ ယခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါး(၁၇၃၀)ဧကနှင့် နွေသီးနှံ(၅၄၆၈၄)ဧကတို့ကို စိုက်ပျိုးရေပေးဝေရန် လျာထားသောကြောင့် ကင်းတားလက်ယာရေပေးဝေစနစ်၏ စိုက်ပျိုးဧကကို     မြို့ကြီးရေလှောင်တမံ မှလည်း   ရေကူပေးဝေလျက်ရှိကြောင်း   ကင်းတားလက်ဝဲတူးမြောင်း၊ ကင်းတားလက်ယာတူးမြောင်းနှင့် ပန်းလောင်ရေ‌ပေးဝေစနစ် (၃)ခုဖြင့် နွေစပါး(၅၀)ဧကနှင့် နွေသီးနှံ(၂၄၅၂၅)ဧက တို့အား စိုက်ပျိုးရေများပေးဝေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့   စိုက်ပျိုးရေများပေးဝေရာတွင်  ကင်းတားလက်ဝဲတူးမြောင်းမှ  အလှည့်ကြစနစ်ဖြစ်သော (၈)ရက်ဖွင့် (၄)ရက်ပိတ်စနစ်ဖြင့်လည်းကောင်း၊ ပန်းလောင်တူး မြောင်းခွဲများနှင့် ကင်းတားလက်ယာ တူးမြောင်းခွဲများမှ (၁၀)ရက်ဖွင့်(၅)ရက်ပိတ် အလှည့်ကျစနစ်ဖြင့် လည်းကောင်း၊ ဖေဖော်ဝါရီလ (၂၇)ရက်‌နေမှ မတ်လ (၂၉) ရက်နေ့အထိ စိုက်ပျိုရေများကို ဖြန့်ဝေပေးလျက်ရှိကြောင်း   ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)