သတင်းများ

နောင်ချိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်နှင့် မုန့်များပေးဝေ
Mar 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မန်တုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြေပွဲကျင်းပ
Mar 10,2023
ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကဦးဆောင်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုင်ရမ်း-ထီးထားပလို-ကော့သလို-တလံ-ရေအေးလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
Mar 10,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Steel Stone ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ပိုင်ရမ်း-ထီးထားပလို-ကော့သလို-တလံ-ရေအေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ
Mar 10,2023
ကျိုက်မရော မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အ.မ.ကမူလွန်(၁) ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်
Mar 10,2023
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာရေးဆရာမမိုးပန်မွန်(ရာမည) ရေးသားသော “ရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂတ်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးမောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သားများအတွက် အားဖြည့်စာ ထောက်ပံ့ပေးအပ်
Mar 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုသက်ဇွန်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေ (၂)နာရီမှ (၄)နာရီခွဲထိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အလင်းကောင်ရပ်ကွက်၊ ကြေးနန်းရပ်ကွက် ညစာကျက်ဝိုင်းများရှိ ကျောင်းသား/သူ (၃၃)ဦးအား အာဟာရဖြည့်စွက်စာဖြစ်သည့်
သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့လာမှတ်သား သင်ခန်းစာများ သင်ကြားပေး
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၂၉)တွင် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သင်ခန်းစာများကို ယနေ့တွင် ဆက်လက် သင်ကြားပေးလျက်ရှိသည်။