သတင်းများ

သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြိုင်ပွဲများ ကျင်းပ
Mar 10,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ (Community Centre) ခန်းမ၌ “ဒေသအလိုက် တွက်ခြေကိုက် နနွင်းစိုက်ကြမယ်” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Mar 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး “ဒေသအလိုက် တွက်ခြေကိုက် နနွင်းစိုက်ကြမယ် ” သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်ကို ယနေ့ နံနက် (၁၀) နာရီ အချိန်က လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်   ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးကြို ကြံစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး
Mar 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ်၊ မိုးကြိုကြံစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှုကို ကြည့်ရှုအားပေး
Mar 10,2023
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို ကြည်ရှုအားပေးခဲ့သည်။
အင်ပင်-ဆပ်သွားချောင်းလမ်းပေါ်ရှိ ဆပ်သွားချောင်းတံတား အသစ်ပြန်လည်ဆောက်လုပ်ရန် ဆောင်ရွက်
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြိုနယ်၊ အင်ပင်မြို့နှင့် ဆပ်သွားချောင်းကျေးရွာ ဆက်သွယ်သော လမ်းပေါ်ရှိ ပျက်စီးနေ သော ဆပ်သွားချောင်းတံတားအား အင်ပင်ဓူဝံကျောင်းတိုက် ဆရာတော် ဥူးစာရိန္ဒနှင့် အလှူရှင်များက အသစ်ပြန်လည်ဆောက်လုပ်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် “အသေးစားစက်မှုလက်မှုလုပ်ငန်းများ” သိကောင်းစရာ Talk Show ဆောင်ရွက်
Mar 10,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ “အသေးစားစက်မှုလက်မှုလုပ်ငန်းများ” သိကောင်းစရာ Talk Show ပြုလုပ် ဆောင်ရွက်ခြင်းကို ခရိုင်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ အခြေခံစားသောက်ကုန်(၅)မျိုးအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများသို့ ရောင်းချပေး
Mar 10,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အခြေခံစားသောက်ကုန်(၅)မျိုးကို  သက်သာသော ဈေးနှုန်းများဖြင့် ယနေ့နံနက် (၇)နာရီအချိန်က မတ္တရာမြို့ ပြည်သူ့ဆေးရုံရှေ့တွင် ရောင်းချပေးခဲ့သည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့ရိုးရာအ‌ခြေခံ ခြင်းလုံးသင်တန်းဖွင့်လှစ်
Mar 10,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့၊ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ နွေရာသီ မြန်မာ့ရိုးရာ အခြေခံ ခြင်းလုံးသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။