နမ္မတူမြို့နယ်၌ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နမ္မတူ မတ် ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးနှင့် ဝါသနာတူ (Club)အဖွဲ့ဝင်များ ပူးပေါင်း၍ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခေတ်အဆက်ဆက် အမျိုးသမီးများ၏ ကဏ္ဍအရေးပါပုံအကြောင်း၊ မြန်မာအမျိုးသမီးများ၏ ခေတ်အဆက်ဆက် တာဝန်ယူဆောင်ရွက်ခဲ့သည့် အခန်းကဏ္ဍများအကြောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ဝါသနာတူ (Club) အဖွဲ့ဝင်များက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)