အိမ်မဲ မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၂၉)တွင် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သင်ခန်းစာများကို ယနေ့တွင် ဆက်လက် သင်ကြားပေးလျက်ရှိသည်။
ထိုကဲ့သို့ သင်ကြားရာတွင် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲ အမှတ် (၂၉)၌ မူလတန်းအဆင့် သင်တန်းသား (၂၅)ဦးကို သင်တန်းနည်ပြ ဆရာမများက အခြေခံယဉ်ကျေးမှု၊ ကြီးပွားချမ်းသာ မင်္ဂလာတရားတော်များ၊ စာရိတ္တဆိုင်ရာ လိုက်နာကျင့်သုံးဖွယ်ရာများ၊ ဂေါတမဗုဒ္ဓဝင်၊ ဧတဒဂ် ဘွဲ့ထူးရသူများ၊ ဧတဒဂ်ဘွဲ့ရ ရဟန္တာမထေရ်ကြီး (၄၁)ပါး၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များကို မတ်လ ၆ ရက်နေ့မှ စတင်၍ ဧပြီလကုန်အထိ သင်ကြားသွားမည်ဖြစ်သည်။
အိမ်မဲမြို့နယ်အတွင်း သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် နေရာ(၅)ခု၌ မူလတန်း၊ အလယ်တန်း၊ အလွတ်တန်းစသည့် သင်တန်းသား/သူများကို သင်ကြားပေးလျက်ရှိပြီး ပြိုင်ပွဲကို ဧပြီလကုန်တွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)