မိုးမောက် မတ် ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုသက်ဇွန်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေ (၂)နာရီမှ (၄)နာရီခွဲထိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အလင်းကောင်ရပ်ကွက်၊ ကြေးနန်းရပ်ကွက် ညစာကျက်ဝိုင်းများရှိ ကျောင်းသား/သူ (၃၃)ဦးအား အာဟာရဖြည့်စွက်စာဖြစ်သည့် ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဖျော်ရည်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားခြင်းများ လှုပ်ရှားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
မြို့နယ်ပြန်/ဆက်