Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နွေရာသီ အခြေခံအားကစားနည်းသင်တန်းများ လေ့ကျင့်သင်ကြားပေး
Mar 11,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်မီတာ ၄၀၀ အားကစားကွင်းတွင် ယနေ့နံနက် ၇ နာရီအချိန်ကစတင်၍ လေ့ကျင့်သင်ကြားပို့ချ ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 11,2023
၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ပြုလုပ်ရာ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီများနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ညောင်ပင်စောက် ကျေးရွာချင်းဆက်လမ်းအား သွားလာရေးအဆင်ပြေစေရန် မြေနီကျောက်စရစ်လမ်းအဖြစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီး
Mar 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းမှာ မိုးရေတိုက်စားမှုကြောင့် ယိုယွင်းပျက်စီးနေသဖြင့် ဒေသခံကျေးလက်နေပြည်သူများ ရာသီးမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိရာ ယခုအခါလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ မီးဘေးသင့်နေအိမ်(၂)လုံးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ၊ ရပ်ကွက် (၁)၊ ယုဇနလမ်းတွင် (၂.၃.၂၀၂၃) ရက်နေ့က မီးဘေးသင့်ခဲ့သည့်နေအိမ်(၂)လုံးအား ပင်လုံမြို့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ဒု-တပ်ဖွဲ့မှူး စိုင်းလွင်ခမ်းနှင့် လွိုင်လင်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခွန်စံညွန့်တို့ ပူးပေါင်း၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့် လူသုံးကုန် ဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေး ဘုရားကြီးမြို့ စည်ပင်သာယာဈေးတွင် ရှောင်တခင်ကွင်းဆင်းစစ်ဆေး
Mar 11,2023
ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဘုရားကြီးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးမြို့၊ စည်ပင်သာယာဈေးတွင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့်လူသုံးကုန် ဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ" ကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြသလွန်ဘုရားကုန်းတော်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ကြည့်ရှုအားပေး
Mar 11,2023
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အသီးသီးတွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို ယနေ့နံနက် (၇) နာရီအချိန်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ မကွေးမြသလွန်ဘုရား ကုန်းတော်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့နံနက် (၉) နာရီ အချိန်က ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် မြို့တွင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12357
Page
12358
Page
12359
Page
12360
Current page
12361
Page
12362
Page
12363
Page
12364
Page
12365
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department