နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ

ကျိုက်မရော  မတ် ၁၀

ကျိုက်မရော မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အ.မ.ကမူလွန်(၁) ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးက စစ်တုရင်အားကစားနည်း၏ အကျိုးကျေးဇူးများနှင့် သင်တန်းများဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ဆွေးနွေးသည်။

ထို့နောက် စစ်တုရင်အားကစားနည်း  သင်တန်းဆင်းလက်မှတ်များအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုဝင်းက သင်တန်းအဖွဲ့ခေါင်းဆောင်အားပေးအပ်ကာ စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါနွေရာအခြေခံစစ်တုရင်သင်တန်းသို့ အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၃ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း မြို့နယ်အားကစားမှူးဦးကိုကိုဝင်းထံမှ သိရသည်။

 ကျိုက်မရော( ပြန်/ဆက်)