တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူအချို့ မိုးဦးသီးနှံစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်

တပ်ကုန်း မတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများသည် မိုးသီးနှံအဖြစ် နှမ်း၊ ပြောင်း၊ ပဲတီစိမ်း၊ ခရမ်း၊ ငရုတ်သီးနှံများနှင့် မီးဖိုချောင်သုံး သီးနှံများစိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူအချို့တွင် မိုးကြိုငရုတ်သီးနှံများ စိုက်ပျိုးရန်အတွက် သဘာဝမြေဩဇာအဖြစ် နွားချေးများထည့်သွင်းအသုံးပြု၍ စိုက်ကွက်များ မြေပြုပြင်လျက်ရှိကြောင်း သိရသည်။

“ဒီနေကြာခင်းကျွတ်ကို ငရုတ်(004)မျိုးစိုက်ပျိုးမှာဖြစ်ပါတယ်၊ တန်ခူးလဆန်းပိုင်းအမှီ စိုက်ပျိုးရန် သဘာဝမြေဆီဖြစ်တဲ့ နွားချေးများအသုံးပြုပြီး ထယ်ထိုးထွန်ယက်မြေပြုပြင်မှာဖြစ်ပါတယ်၊ နွားချေးကတော့ ကိုယ်ပိုင်နွားချေးတွေဖြစ်ပါတယ်၊ ကျွဲ၊ နွားများမရှိတဲ့ တောင်သူများကတော့ ဝယ်ပြီးအသုံးပြုရရင် နွားချေးလှည်းတစ်စီးလျှင် ၁၀၀၀၀ ကျပ်ပေးဝယ်ကြရတယ်၊ ငရုတ်တစ်ဧကစိုက်ကွက်အတွက် နွားချေးဖိုး၊ ထွန်စက်ထယ်ထိုးခ၊ ထွန်စက်ဂဲခွဲခ၊ မျိုးစေ့ဖိုးနဲ့ အလုပ်သမားခ စုစုပေါင်းကုန်ကျစရိတ်ခန့်မှန်းကတော့ ၅သိန်းဝန်းကျင်လောက်ကုန်ကျမှာဖြစ်ပါ တယ်” လို့ ပေါက်ပင်သာကျေးရွာမှ မိုးကြိုငရုတ်စိုက်ပျိုးမည့် တောင်သူတစ်ဦး၏ ပြေပြာချက်အရ သိရသည်။

တင်စိုးလွင်