၂၀၂၃ ခုနှစ် ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကျိုက်လတ် မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် (၉)နာရီခန့်က အမှတ်(၄) ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ် သည့် ဗိုလ်မှူးရဲမင်း၊ ဦးစိန်မြင့်၊ အတွင်းရေးမှူး ရဲမှူး စိန်လွင်အောင်၊ ဖျာပုံခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်တို့က ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ဆုများချီးမြှင့်၍ သင်တန်းဆင်းလက်မှတ်များ ပေးခဲ့ကြ သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက မြန်မာ့သိုင်းသင်တန်း အတွက် ဝတ်စုံနှင့် ဆုတံဆိပ် ကူညီပံ့ပိုးပေးသည့် ဦးစောအာကာ Family World (ဧည့်ရိပ်သာ) ပိုင်ရှင်အား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး မြန်မာ့ ရိုးရာခြင်းလုံးနှင့် မြန်မာ့သိုင်းသင်တန်းသားများက တက်ရောက်လာကြသူများအား သရုပ်ပြ ဖျော်ဖြေခဲ့ကြသည်။ ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစား သင်တန်းများအဖြစ်  ဘောလုံး၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံးခတ်နှင့် မြန်မာ့သိုင်းသင်တန်းများကို ရွှေဧရာအောင် အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းတို့တွင် မတ်လ (၆) ရက်နေ့မှ (၂၃)ရက်နေ့အထိ အခမဲ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)