ပခုက္ကူမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ဖြေဆို

ပခုက္ကူ မတ် ၂၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန် (နှစ်ထပ်စာဖြေဆောင်)၌ ဆက်လက်ဖြေဆိုကြသည်။

အစိုးရဓမ္မာစရိယစာမေးပွဲကို ပရိယတ္တိသာသနာထွန်းကားပျံ့ပွားစေရန် ရည်ရွယ်၍ မတ်လ၂၁ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့၌အစိုးရဓမ္မာစရိယစာမေးပွဲ (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၁) ကျမ်းရင်းစာရင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၉၁)ပါးဖြစ်ပြီး ကြွရောက်ဖြေဆိုသူစုစုပေါင်း(၅၄)ပါးရှိကြောင်း ပခုက္ကူခရိုင် သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ရွှေထံက သိရသည်။

အဆိုပါစာမေးပွဲကို ပခုက္ကူမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များနှင့် ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်များ၏ အနီးကပ်ကြီးကြပ်တို့မှုဖြင့်ဖြေဆိုကြပြီး စာမေးပွဲများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စာဖြေသံဃာတော်များနှင့်သီလရှင်များ၏ ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)