ကွမ်းခြံကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ 

ကွမ်းခြံကုန်း မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ဆွေနွယ်ဦးက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားနိုင်ငံရေးတပ်ဦးသည် ဦးစွာသန္ဓေတည်ခဲ့ပါကြောင်း၊ စစ်အတွင်းကာလ၌ အမျိုးသားတပ်ဦးကြီး  လျို့ဝှက်စွာအမြုတေတည်ဆောက်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးပြီးဆုံး၍ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဖက်ဆစ်တိုက်ဖျက်ရေး

ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)ဟူ၍ အထင်အရှားပေါ်ပေါက်ခဲ့ကြောင်းစသည့်   တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ခင်းကျင်းပြသထားသည့်စာအုပ်စာစောင်များ စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(IPRD)