ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ဆိပ်ကြီးခနောင်တို မတ် ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ယခုဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် “လူငယ်များ၏‌‌ရွှေရောင်မနက်ဖြန်” စာအုပ်ထဲမှ “ဘဝအဆင့်အတန်းမြှင့်တင်ကြပါစို့” ခေါင်းစဉ်ပါအကြောင်းအရာကို ဦးစီးအရာရှိ ဒေါ်သဇင်ဦးက   ဦးဆောင်ဆွေးနွေးပြီး ဆက်လက်ပြီးအဆိုပါ ခေါင်းစဉ်အကြောင်းအရာဖြင့် Book Club အသင်းဝင်မသဇင်‌အောင်နှင့် မယမင်းလှိုင်တို့က စာပိုဒ်အလိုက် အသီသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာရေးဆရာနတ်သျှင်(ရွှေဂူ)၏ “လူငယ်များ၏ ရွှေရောင်မနက်ဖြန်”စာအုပ်ထဲမှ အထက်ပါခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် မိမိတို့ဘဝအဆင့်အတန်းဆိုတာစိတ်ရဲ့ အဆင့်အတန်းသာဖြစ်ကြောင်း၊ ဘဝတွေလှပချင်ရင် စိတ်ဓာတ်တွေလည်း လှပအောင် ထားရမည်ဖြစ်ကြောင်း၊ တစ်ပါးသူရဲ့ ကျေးဇူးတရား များကို သိတတ်နားလည်ရမည်ဖြစ်ကြောင်း စသည်ဖြင့် သိရှိအလေးထား ဆောင်ရွက်တတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(IPRD)