ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တတ်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှတာဝန်ရှိသူများနှင့် အများပြည်သူ့များသွားရာနေရာများသို့ ယနေ့ နံနက် ၉နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။