အိမ်မဲမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ပြုလုပ်

အိမ်မဲ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင်တွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးလေးလွင်တို့က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေမှုအကြောင်း၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်အသိပညာပေး ဆောင်ရွက်နေမှုအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

အဆိုပါစားသုံးသူကာကွယ်ရေးဥပဒေအကြောင်း Talk Show များ ရိုက်ကူးတင်ဆက်ပေးခြင်းကြောင့် ပြည်သူများ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ လာမည်ဖြစ်ပြီး Talk Show ဗီဒီယိုကို အိမ်မဲမြို့နယ်ပြည်သူ့စာကြည့်ပေ့တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ)