နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးငယ်များ စာအုပ်၊ စာစောင် ဖတ်ရှုခြင်းနှင့် အားကစားပစ္စည်းများဖြင့် လာ‌ရောက်ဆော့ကစားခြင်းများ ဆောင်ရွက်

နတ်မောက် မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီကျောင်းပိတ်ရက်များဖြစ်သည့်အတွက် ကလေးငယ်များက စာအုပ်၊ စာစောင်ဖတ်ရှုခြင်းနှင့် အားကစာပစ္စည်းများဖြင့် ရုံးဖွင့်ရက်များတွင် လာရောက်ဆော့ကစားကြကြောင်း သိရသည်။                          

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးငယ်များ စာပေဗဟုသုတ ရရှိစေရန် ပြည်သူ့စာကြည့်တိုက်၌ ကလေးစာပေနှင့်သက်ဆိုင်သည့် ကာတွန်း၊ ပုံပြင်၊ ရွှေသွေး၊ ရုပ်ပြစာအုပ်များကို  စာကြည့်တိုက်တွင် ဖတ်ရှုခြင်း၊ ငှားရမ်းခြင်းများရှိပြီး ကလေးများအတွက် သီးသန့် စီစဉ်ပေးထားသည့် ကလေးစာဖတ်ခန်းတွင်လည်း ဝင်ရောက်ပြီး စာပေများလေ့လာဖတ်ရှုခြင်းအပြင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကလည်း ကလေးများနှင့်အတူ ပုံပြင်ပြောပြခြင်း၊ ပြန်လည်မျှဝေခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်အထက် လူငယ်လူရွယ်များကလည်း အားကစားခန်းမတွင်ရှိသည့် ပစ္စည်းများဖြင် လာရောက်ဆော့ကစားလျက်ရှိကြောင်း သိရသည်။

လှဝင်း