ပိုင်ကျုံ မတ် ၂၄
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား နွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက်သည့် လူငယ်လူရွယ်များအားကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပြိုင်ပွဲများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက် လေ့လာကြသည့် ကျောင်းသား လူငယ်များအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် သင်္ချာဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ ဆောင်ရွက်ပေးခဲ့သည်။
ထိုပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အမှတ်တရ လက်ဆောင်အဖြစ်ဗလာ စာအုပ်နှင့် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံ ခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)