နတ်မောက်မြို့နယ် န/လက္ခပ္ပုင်ကျေးရွာတွင် နွေရာသီအားလပ်ရက်များ၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားပေး

နတ်မောက်  မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊  /လက္ခပ္ပုင်ကျေးရွာ ကံဦးကျောင်းတွင် နွေရာသီ အားလပ်ရက်များ၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားခြင်းဖြင့် စိတ်ထားနူးညံ့သည့်ကလေးများကို ပိုမိုယဉ်ကျေးလိမ္မာလာစေရန်၊  ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကိုသိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ် စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကာလမှ မတ်လဒုတိယပတ်မှ မေလဆန်းပိုင်းထိဖွင့် လှစ်သင် ကြားပေးသွားမည်ဖြစ်သည်။  အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်သင်ကြားနေသော ကျောင်းသား/သူများထဲမှ ထူးချွန်ကျောင်းသား/သူများအား ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု၊ အထူးဆုများကို ဆရာတော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြန်မာနှစ်ဆန်း() ရက်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် သက်ကြီးပူဇော်ပွဲ၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူမူစန်း