ကေ့ာကရိတ် မတ် ၂၄
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို သင်တန်းနည်းပြအဖြစ် ပန်းချီဆရာဦးတင့်မော်က အခြေခံမျဥ်းရေးဆွဲနည်း၊ အလင်းအမှောင်၊ အရောင်အကြောင်း၊ ရှုခင်းရေးနည်း၊ စကေးချပုံတူရေးနည်း၊ သရုပ်ဖော်ဒီဇိုင်းရေးဆွဲနည်း၊ ပန်းချီရေးဆွဲရာတွင်သိရှိရမည့်အချက်များ စသည့် အခြေ ခံပန်းချီရေးဆွဲနည်းကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကိုမတ်လ(၂၂)ရက်နေ့မှစတင်၍ (၃၁)ရက်နေ့အထိ(၁၀)ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)