မြို့သစ် မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် လူငယ်ဆိုင်ရာအသိပညာပေးပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ဆိုင်ရာအသိပညာပေးပြပွဲတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဆိုင်ရာ စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိ ပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်းများကို မြို့နယ်ရုံးတွင် အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်း တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရေး ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)