ငါ့သရောက်မြို့ အိုရင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေ လှူဒါန်း

ညောင်ဦး  မတ်  ၂၃ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အိုရင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်  ဦးဇာနေယာ၏ အကူအညီတောင်းခံလာမှုအရ ကျောင်း တိုက်အတွင်းရှိ ဆရာတော်သံဃာတော်များနှင့်ယောဂီများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး သန်းလှိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဥ် ၁ စီးဖြင့် ယနေ့ ၂၃.၃.၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က တတိယအကြိမ်အဖြစ် ရေဂါလံ ၁၆၀၀အား ထပ်မံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသောရည်မှန်းချက်တာဝန်ကြီး ၄ ရပ်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူအကျိုး ပြုလုပ်ငန်း စဥ်တွင်တစ်ခု အပါအဝင်ဖြစ်သော သောက်သုံးရေလှူဒါန်းခြင်းလုပ်ငန်းများကိုလည်း နှစ်စဥ် လှူဒါန်းဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါအတွင် နွေဦးကာလသို့ ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ အချို့သော ကျေးရွာများ၌ ကျေးရွာစက်ရေတွင်းများ ရေအလိုက်နည်းလာခြင်း၊ သဘာဝရေကန်များ ရေလျော့နည်းလာခြင်း၊ ခန်းခြောက်ခြင်းများကြောင့် သောက်သုံးရေအခက်အခဲများ စတင်ရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။

ဒီပါလင်း