ကော့ကရိတ် မတ်လ ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဥပေဒရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်းက ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားရေးရာအဖွဲ့၏ ရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမား များ၏ အလုပ်ချိန် ကန့်သတ်ချက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ကလေးသူငယ်များနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Showဆွေးနွေးပွဲကို We Love Kawkareik Page တွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)