မော်လမြိုင် မတ် ၁၄
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ မွန်ပြည်နယ်အတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးစီးခဲ့သည့် လူဦးရေစာရင်းများအား အီလက်ထရွန်နစ် မှတ်ပုံတင်ရေးဦးစီးဌာန၏ e-ID Server အတွင်းသို့ စာရင်းထည့်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမြတ်သွင်က စာရင်းဇယားများအား e -ID Server အတွင်းသို့ အချက်အလက်ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဆောင်ရွက်ထားရှိမှုနှင့်မှတ်တမ်းများ စနစ်တကျထားရှိ၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း e-ID Serverတွင်းသို့ စာရင်းများ ထည့်သွင်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်