သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၌ မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်ပိုစတာ စိုက်ထူ

သာပေါင်း မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က လှေကြီးတတ်ကျေးရွာအုပ်စုရှိ လမ်းဆုံတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်အသိပေးနှိုးဆော် ပိုစတာစိုက်ထူခဲ့ကြသည်။

(သင့်ကြောင့်မီးမလောင်ပါစေနှင့်) မီးဘေးအန္တရာယ် ကာကွယ်ရေး မြေစိုက်အသိပေး နှိုးဆော်ပိုစတာကို လှေကြီးတတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလေးမောင်နှင့် အဖွဲ့ဝင်များ၊ စာရေးဦးစိုးအောင်နိုင်၊ ကျေးရွာအရန်မီးသတ်တာဝန်ခံ ဦးမိုးလွင်နှင့် တပ်ဖွဲ့ဝင်တို့က လှေကြီးတတ် ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာရှိ သာပေါင်း-ပုသိမ် ကားလမ်းမ သရက်ပင် လမ်းလေးခွဆုံနှင့် ကြက်သွန်ကွင်းကျေးရွာ လမ်းလေးခွလမ်းဆုံတို့၌ အသိပေးနှိုးဆော် ပိုစတာ စိုက်ထူခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်