ရပ်စောက်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်

ရပ်စောက် မတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း (/၂၀၂၃)ကို မတ်လ ၁၂ ရက် နေ့  နံနက် နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက အဖွင့်အမှာစကားနှင့် သင်တန်းအား နွေရာသီကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အခြေခံပန်းချီ၏ သဘောသဘာဝများကို သိရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။

ဆက်လက်၍ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းတင်တင်စိုးနှင့် အဖွဲ့ဝင်များက သင်တန်းသားသင်တန်းသူများအား အချိုရည်ဘူးများ ဝေငှပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို မတ် ရက်နေ့မှ ဧပြီ ရက်နေ့အထိ ()ပတ်ကြာ မြို့နယ်ပန်းချီအသင်းမှ ပန်းချီဆရာ ဦးဇော်ဝင်းက ညာဒါနအဖြစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆုမွန်(ရပ်စောက်)