ဖားကန့် မတ် ၁၄
၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၈ ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ စာစစ်ဌာနတွင်လည်း ရူပဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် စာစစ်ဌာန(၂)ခု ဖွင့်လှစ်ထားပြီး ဖားကန့်မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် ဖားကန့်မြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၄၂၆ ဦးနှင့် ကားမိုင်းမြို့ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၇၅ ဦး စုစုပေါင်း စာဖြေဆိုသူ(၅၀၁)ဦးရှိပြီး စာဖြေရာခိုင်နှုန်း (၉၀.၇၆)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများမှ ကျောင်းတွင်း၊ ကျောင်းပြင်နေရာများတွင် စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)