စစ်ကိုင်းမြို့တွင် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)သို့ တက်ရောက်နိုင်ရေး သင်တန်း/သင်တန်းသူများ စိစစ်ရွေးချယ်ပေး

စစ်ကိုင်း မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစားနှင့်ကာယပညာ သိပ္ပံ(မုံရွာ) သို့ တက်ရောက်ခွင့်ရရှိနိုင်ရေး သင်တန်းသား/သင်တန်းသူများ စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို စစ်ကိုင်းမြို့၊ နှစ်(၇၀၀)အားကစားကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိစစ်ရွေးချယ်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများက သင်တန်းကျောင်း၏ သက်မှတ်အရည်အချင်းများနှင့် တက်ရောက်ခွင့် ရရှိခဲ့ပါက နိုင်ငံတော်မှ ထောက်ပံ့ထားရှိမှုအခြေအနေများ၊ ပညာဆက်လက်သင်ကြားခွင့် ရရှိမှုအခြေအနေများ ကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြကာ လျင်မြန်မှု၊ ကြံ့ခိုင်မှုအရည်အသွေး အားကစား နည်း(၅)မျိုးတို့ဖြင့် လက်တွေ့ စိစစ်ရွေးချယ်ပေးခဲ့ကြသည်။

ဆက်လက်၍ ပိုးတန်းရပ်ကွက်ရှိ အားကစားခန်းမ၌ ပိုက်ကျော်ခြင်းဒိုင် သင်တန်းဖွင့်ပွဲကို ကျင်းပရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပိုက်ကျော် ခြင်းကစား နည်းဟာ လူတိုင်းကစားနေကြတာဖြစ်တဲ့အတွက် ဒိုင်အဖြစ်ဆောင်ရွက်ရမည့်သူများ လိုအပ်လျက်ရှိ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရပ်ကွက်/ကျေးရွာ၊ အခြေခံပညာနှင့် အဆင့်မြင့်ကျောင်းများ တွင် ပိုက်ကျော် ခြင်းပြိုင်ပွဲများကို စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်ကြတဲ့အတွက် လိုအပ်သည့်နေရာ များတွင် ပူးပေါင်းပါဝင် နိုင်ရန် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းက ပို့ချပေးမဲ့ ပညာရပ်တွေကို စိတ်ဝင် စားစွာ လေ့လာသွားကြပြီး မိမိတို့ဒေသရောက်ရှိတာဝန် ထမ်းဆောင်ကြတဲ့အခါ သမာသမတ်ရှိတဲ့ အများ ယုံကြည်တဲ့ ဒိုင်လူကြီးများဖြစ်အောင် ကြိုးစားသွားကြပါလို့ စသည်ဖြင့် ပြောကြားခဲ့ပြီး သင်တန်းအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ် ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်