သတင်းများ

တောင်ကုတ်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Mar 22,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ
Mar 22,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီအားလပ်ချိန်များ၌ ကျောင်းသားလူငယ်များ သင်တန်းများနားသည့်အချိန်တွင် ကိုယ်လက်လှုပ်ရှားမှုနှင့် ဉာဏ်ရည်မြင့်မားစေရန်အတွက် စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ(၂)နာရီ၌ လူထုအခြေပြုဗဟိုခန်းမတွင် ပြိုင်ပွဲများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို နေပြည်တော်၊ စာဖြေသံဃာများနှင့် သီလရှင်များအား သွားရောက်ဖူးမြော်ကြည်ညို
Mar 22,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်
ပုသိမ်ကြီး အထကကျောင်းတွင် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်
Mar 21,2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ၁/၂၀၂၃ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းကို မတ်လ ၂၀ ရက်နေ့မှ ၂၂  ရက်နေ့ထိ နေ့စဥ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ  ပုသိမ်ကြီး အထကကျောင်းရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ခရိုင်အဆင့်(ထက်၊ လယ်)ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွံတေး၌ကျင်းပ
Mar 21,2023
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကု​​န်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်နှင့် သင်ယူမှုအရည်အချင်းများ တိုးတက်မြင့်မားပြီး  အရည်အသွေးရှိသည့် အနာဂတ် ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် ဘာသာရပ်ဆိုင်ရာများတွင် ကျောင်းသား၊ ကျောင်းသူများ၏  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်နှင့် သင်ယူမှုအရည်အချင်းများ တိုးတက်မြှင့်မားပြီး  အရည်အသွေးရှိသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အထက်တန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ ကွာစေ့လုပ်ငန်း စစ်ဆေး
Mar 21,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ ကွာစေ့လုပ်ငန်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ ဆေးဆိုင်များတွင် (FDA) ၏ ထောက်ခံချက်မပါရှိသော ဆေးဝါးများရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Mar 21,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် (FDA)၏ ထောက်ခံချက်မပါရှိဘဲ ဆေးဝါးများရောင်းချမှု ရှိ/မရှိကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။