ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Mar 18,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလ စားဖိုဆောင်သီးနှံ ဖြစ်သည့် ငရုတ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၄၀၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် တစ်ဧက ပိဿာချိန် ၅၀၀ ကျော် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။