သတင်းများ

လဟယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်ကာလ အခြေခံအင်္ဂလိပ်စာ Grammar နှင့် အခြခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား
Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လဟယ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်လျက် အခြေခံအင်္ဂလိပ်စာသဒ္ဒါ Grammar သင်တန်းနှင့် အခြခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က လဟယ်ပြန်/ဆက်ရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာဖတ်ဝိုင်းကျင်းပ
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် (၁၀) နာရီက Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာအောင်လှိုင် (မြန်မာပြန်) ၏ "အများနှင့်ဆက်ဆံပြောဆိုသည့်ပညာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ နွေရာသီပန်းချီ၊ ကာတွန်း၊ ပိုစတာ အခြေခံရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ ပန်းချီဆရာများအသင်းတို့ဖြင့် ပူးပေါင်း၍ ပန်းချီ၊ ပိုစတာ၊ ကာတွန်း အခြေခံရေးဆွဲနည်း သင်တန်းအခမဲ့ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့) သင်တန်းဖွင့်ပွဲကျင်းပ
Mar 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ခန္တီးမြို့တွင် ဆီထွက်သီးနှံများ မျိုးစေ့လုံလောက်စွာရရှိရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံးမှဉီးစီး၍ ဆီထွက်သီးနှံများ မျိုးစေ့လုံလောက်စွာရရှိရန်အတွက် မျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်းများသိရှိနားလည်စေရန် ရည်ရွယ်၍ ဆီထွက်သီးနှံများ မျိုးစေ့လုံလောက်စွာရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်၌ ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မချမ်းဘော့၌ အသက်မွေးဝမ်းကြောင်းပညာသင်တန်းဖွင့်လှစ်
Mar 20,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ဒေသထွက်ကုန်ကြမ်းများအပေါ်အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရန်နှင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product) လုပ်ငန်းများ ပေါ်ထွက်လာနိုင်ရန်၊ ကျေးလက်ဒေသရှိ လူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ကျင်းပခဲ့သည်။
မအူပင်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ရှောင်လမ်းနှင့် ရေလဲလမ်းထိပ်တွင် ဆောင်ရွက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Mar 20,2023
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။