မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

မန္တလေး မတ် ၂၂

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီအားလပ်ချိန်များ၌ ကျောင်းသားလူငယ်များ သင်တန်းများနားသည့်အချိန်တွင် ကိုယ်လက်လှုပ်ရှားမှုနှင့် ဉာဏ်ရည်မြင့်မားစေရန်အတွက် စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ(၂)နာရီ၌ လူထုအခြေပြုဗဟိုခန်းမတွင် ပြိုင်ပွဲများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက  ကျောင်းသားလူငယ်မောင်မယ်များ အနေဖြင့် မိမိတို့ဌာနကဖွင့်လှစ်သည့် သင်တန်းများကို လာရောက်လေ့လာကြပြီး သင်တန်းနားသည့် အားလပ်ချိန်တွင် ကျန်းမာရေးကို အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှား အားကစားနိုင်စေရန်၊ ဉာဏ်ရည်ထက်မြက်သွက်လက်စေရန်၊ သင်တန်းသားအချင်းချင်း ချစ်ခင်ရင်းနှီးကြစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အားလပ်ချိန်များကို ကိုယ်လက်လှုပ်ရှား အားကစားနည်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်ပြီး စိတ်ရွှင်လန်းသည့်အကျိုး ကျေးဇူးများကိုရရှိ‌နိုင်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါပြိုင်ပွဲများကို သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)