ပုသိမ်ကြီး အထကကျောင်းတွင် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်

ပုသိမ်ကြီး မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ၁/၂၀၂၃ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းကို မတ်လ ၂၀ ရက်နေ့မှ ၂၂  ရက်နေ့ထိ နေ့စဥ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ  ပုသိမ်ကြီး အထကကျောင်းရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ ကြက်ခြေနီတပ်ခွဲမှူး ဦးအောင်သန်း၊ ဒုတိယတပ်ခွဲမှူး ဒေါ်မို့မို့ခိုင်တို့မှ ဦးဆောင်၍ နည်းပြများဖြင့် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။ မြို့နယ်ကြက်ခြေနီအသင်းခွဲ အနေဖြင့် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းများကို မြို့နယ်အတွင်း နှစ်စဥ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး၊ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပြည်သူများ အရေးပေါ်ပြုစုကုသနိုင်ရန် ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အလုပ်အမှု ဆောင် ဦးချမ်းငြိမ်းအောင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ အထက ပုသိမ်ကြီး ကျောင်းအုပ်ကြီး ဦးမျိုးဇော်ခိုင်နှင့် ဆရာ၊ ဆရာမများ၊ သင်တန်းနည်းပြများ၊ ကြက်ခြေနီအသင်းဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းပြီးဆုံးပါက သင်တန်းဆင်း လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်