တွံတေး မတ် ၂၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်နှင့် သင်ယူမှုအရည်အချင်းများ တိုးတက်မြင့်မားပြီး အရည်အသွေးရှိသည့် အနာဂတ် ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် ဘာသာရပ်ဆိုင်ရာများတွင် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်နှင့် သင်ယူမှုအရည်အချင်းများ တိုးတက်မြှင့်မားပြီး အရည်အသွေးရှိသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အထက်တန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် တွံတေးခရိုင်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်း ကအဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်စမ်းရီမှသင်တန်းနှင့် ပတ်သက်သည့် အချက်အလက်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါခရိုင်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသို့ တွံတေးခရိုင်အတွင်းရှိ ခရိုင်ကြီးကြပ်ရေး ဆရာ၊ ဆရာမကြီးများ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို မြို့နယ်များမှ ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ (ထက်၊လယ်)မှဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲကို အလယ်တန်းအဆင့်ကို အ.ထ.က(၁)၌လည်းကောင်း၊ အထက်တန်းဆင့်ကို အ.ထ.က(၂)၌လည်းကောင်း ဘာသာရပ်အလိုက်အခန်းများခွဲ၍ မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဆွေးနွေးပွဲများ ကျင်းပသွားမည့်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှသိရသည်။
တွံတေးသား