ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ ကွာစေ့လုပ်ငန်း စစ်ဆေး

 ဒိုက်ဦး  မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ ကွာစေ့လုပ်ငန်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ထုတ်လုပ်သည့်ကွာစေ့ထုတ်၏ Packing ထုတ်ပိုးမှုစနစ်၊ ကုန်အညွှန်းအမှတ်အသားမြန်မာဘာသာဖြင့် ရေးသားရာတွင်ပြည့်စုံမှုရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲပါရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါကွာစေ့လုပ်ငန်းသည်မြန်မာတစ်ပြည်လုံးတွင် ဒိုက်ဦးမြို့တစ်မြို့တည်းသာထုတ်လုပ်ပြီး ဂြိုဟ်တုကွာစေ့၊ ရွှေနှင်းဆီကွာစေ့နှင့် ရွှေလင်းယုန်ကွာ‌စေ့တံဆိပ် ၃ ခုဖြင့်လုပ်ငန်း ၃ ခုသာရှိသည်။

ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)