ညောင်တုန်း မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြိုနယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးမင်းအေးချမ်းဇွန်က ဦးစီးဌာန၏ မူဝါဒနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သစ်တောလုပ်ငန်းများအား သိရှိစေရန်၊ ပတ်ဝန်းကျင်ဂေဟစနစ်များ ပျက်စီးယိုယွင်းလာ၍ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုဖြစ်ရခြင်း အကြောင်းအရာများကို နားလည်သဘောပေါက်၍ ဒေသခံပြည်သူများအနေဖြင့် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် နိုးကြားတက်ကြွသည့် အသိရှင်သန်လာပြီး ပူးပေါင်းဆောင်ရွက်လာစေရန် စသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများနှင့် ဂေဟစနစ်များ၏ အရေးပါပုံများ၊ သစ်တောများ ပြုန်းတီးလာရခြင်း အကြောင်းနှင့် သစ်တောပြုန်းတီးမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်ရာ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)