သံဖြူဇရပ်မြို့၌ မူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Mar 19,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့မမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် ဝါခရူကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတို့ သင်ယူပြီးမြောက်ကြောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းးအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အောင်ဇေယျရပ်ကွက် မြို့မမိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။