Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဒိုက်ဦးမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို မတ် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ် ပင်းဘောဒေသ ဓမ္မရာဇိကအောင်တော်မူ စေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူပွဲ ပထမနေ့ကျင်းပ
Mar 19,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောဒေသရှိ ဓမ္မေခကုန်းမြေ၌ တည်ထားသည့် ဓမ္မရာဇိကအောင်တော်မူစေတီတော်မြတ်ကြီး၏ ရွှထီးတော်တင်လှူပွဲ ပထမနေ့ကို ယမန်နေ့ နံနက်(၉)နာရီတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်
Mar 19,2023
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယမန်နေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာအုပ်စု စိုးမဲကျီကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
အပြည့်အစုံ ဖတ်ရန်
လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် မိသားစုများအား ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်
Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများထံ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဇီးပင်ကွင်းကျေးရွာ၌ ကျေးရွာကြက်ခြေနီတပ်ဖွဲ့ဝင်များကတဆင့် ထိခိုက်ခံစားခဲ့ရသူများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံသို့ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ အသင်းသားစုံညီအစည်းအဝေး ကျင်းပ
Mar 19,2023
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ပြည်နယ်ဥပဒေအရာရှိများခရိုင်ဥပဒေအရာရှိများ၏ ညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းနားတက်ရောက်
Mar 19,2023
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ ခရိုင်ဥပဒေအရာရှိများ၏ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဥပဒေအရာရှိများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "ဘဝနေ့စဉ်ပျော်ရွှင်ရေး"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ခင်မောင်တိုး[မိုးမိတ်] ရေးသားသည့် "ဘဝနေ့စဉ် ပျော်ရွှင်ရေး"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၃)ပါးအား မြိတ်မြို့နယ်အသင်း (ရန်ကုန်)မှ ဂုဏပူဇာ အလှူတော်ငွေများဖြင့် ဂုဏ်ပြုပူဇော်
Mar 19,2023
နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းခံရသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဆရာတော်(၃)ပါးအား မြိတ်မြို့နယ်အသင်း (ရန်ကုန်)၏ ဂုဏပူဇာ အလှူတော်ငွေများဖြင့် ဂုဏ်ပြုပူဇော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်မြို့နယ်အသင်း(ရန်ကုန်)၏ အဝေးရောက် အမှုဆောင်များမှ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဆရာတော်များအား ပူဇော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12162
Page
12163
Page
12164
Page
12165
Current page
12166
Page
12167
Page
12168
Page
12169
Page
12170
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department