သတင်းများ

မိုးညှင်းမြို့တွင် အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီး
Mar 19,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ယမန်နေ့ ညနေ(၆)နာရီ (၁၅)မိနစ်ခန့်က အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်လာပြီး မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်(၁၃)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 19,2023
၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် ယမန်နေ့မွန်းလွဲ(၁း၀၀)နာရီအချိန်က တာမိုးညဲမြို့စည်ပင်သာယာစျေး၊ မိဘပြည်သူများနှင့်လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို လက်ဝယ်အရောက် ဖြန့်ဝေခဲ့ပါသည်။
သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွက်ပြင်ကျေးရွာ၊ ဆောင်ဘုံကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ
Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွက်ပြင်ကျေးရွာအုပ်စု၊ ကွက်ပြင်ကျေးရွာနှင့် ဆောင်ဘုံကျေးရွာအုပ်စု၊ ဆောင်ဘုံကုန်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက်ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ငပုတောမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က  ငပုတောမြို့နယ် အုတ်တွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရန်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 19,2023
နိုင်ငံတော်မှလူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီပညာရေး ကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့တွင် မုခ်ထုတ်ကျောင်းတိုက်ဆရာတော် “သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသ” ဆရာတော်ကြီး၏သက်တော်(၇၀)ပြည့် ဝိဇာတမင်္ဂလာနှင့် ဂုဏဝိသိဋ္ဌပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
Mar 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မုခ်ထုတ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊   မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာဝံသ  ဆရာတော်ကြီး၏  သက်တော်(၇၀)ပြည့် ဝိဇာတမင်္ဂလာနှင့် “အဂ္ဂမဟာဇောတိကဓဇ” ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့  ရွာသစ်ကွက်  မုခ်ထုတ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Mar 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးစာသင်တိုက်၌ နိုင်ငံတော်မှချီးမြှင့်သော ၂၀၂၃-ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါးအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်းနှင့် ၂၀၂၂-ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် မြို့နယ်အတွင်းရှိ စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များ ဆက်ကပ်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် ဆေးဆိုင်များ၊ စားသောက်ကုန်များနှင့် မုန့်မျိုးစုံပြုလုပ်ရောင်းချနေသော ဆိုင်များတွင် စားသုံးသူများ အန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး
Mar 19,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့သစ်မြို့၊ စည်ပင်သာယာစျေးအတွင်း စားသောက်ကုန်မျိုးစုံရောင်းချနေသော ဆိုင်များတွင် လက်ရှိရောင်းချနေသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိနှင့် DATE လွန် အစားအသောက်များ ရောင်းချမှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကာ အသိပညာပေး ပြောကြားခဲ့သည်။