လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် မိသားစုများအား ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

သာပေါင်း မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများထံ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဇီးပင်ကွင်းကျေးရွာ၌ ကျေးရွာကြက်ခြေနီတပ်ဖွဲ့ဝင်များကတဆင့် ထိခိုက်ခံစားခဲ့ရသူများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံသို့ ပေးအပ်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် မတ်လ ၁၄ ရက်နေ့က ဇီးပင်ကွင်းကျေးရွာတွင် နေအိမ် (၂) လုံး ပြိုကျပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရသည့် (၁) ဦးဟန်ဇင်ထွန်းနှင့် အတူ‌နေမိသားစု အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦး ပေါင်း (၃) ၊ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း (၁၈'
×၁၂'×၁၂') နေအိမ်ပြို၊ (၂)  ဦးအောင်မိုးလွင် အမျိုးသား (၁) ဦး ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း (၁၈'×၁၂'×၁၂') နေအိမ်ပြိုတို့အတွက် အိမ်ပြိုတစ်မိသားစုအတွက် ပစ္စည်း (၁၉) မျိုးပါ တစ်ကိုယ်ရည်သုံးပစ္စည်းများ (Hygiene kit)  (တစ်လစာ) တစ်အိမ်ထောင်လျှင် (၁) လုံး ထောက်ပံ့ပစ္စည်းများကို ထိခိုက်ခံစားရသူများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မျိုးဇော်သိန်း