တပ်ကုန်းမြို့၌ ဂုဏဝိသိဋ္ဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်းအခမ်းအနား ကျင်းပ
Mar 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာအုပ်စု၊ ရွှေဥဒေါင်းတောင်စိန်ရောင်ခြည်ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောက၊ သက်တော် ၅၄ နှစ်၊ ဝါတော် ၃၄ ဝါအား ဇန်နဝါရီလ ၄ ရက်တွင် ရောက်ရှိသည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခဲ့သဖြင့် တပည့်ဒါယကာ/ဒါယိကာမများမှ ထပ်ဆင့်ဂုဏ်ပြု ပူဇော် သော ဂုဏဝိသိဋ္ဌပူဇာအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပသည်။