မြောက်ဦး မတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို နယ်မြေခံ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့ပူးပေါင်း၍ ရန်ကုန်-စစ်တွေ လမ်းမကြီး၌ ခရီးသွားပြည်သူများကို ယနေ့နံနက် ၉ နာရီအချိန်က အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် ပါရှိသော ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ ၊ (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ ပါရှိသည့် လက်ကမ်းစာစောင်များကို ရန်ကုန်-စစ်တွေ လမ်းမကြီး၌ ခရီးသွားပြည်သူများကို အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)