သတင်းများ

ရေးမြို့နယ်တွင် ခရိုင်အဆင့်ခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတတိယနေ့ ဆက်လက်ကျင်းပ
Mar 23,2023
မွန်ပြည်နယ်၊ ရေးခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက တတိယနေ့အဖြစ် ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ အစိုးရဓမ္မစရိယစာမေးပွဲဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာရေးစောင့်ရှောင်မှုများ ဆောင်ရွက်ပေး
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၌ မတ်လ(၂၁)ရက်နေ့မှစ၍ စတင်ဖြေဆိုကျင်းပလျက်ရှိရာ အစိုးရဓမ္မာစရိယစာမေးပွဲကို ဖြေဆိုရန်စာရင်းပေးသွင်းသူ စုစုပေါင်း (၃၅)ဦးရှိပြီး လာရောက်ဖြေဆိုသူ ရဟန်းသံဃာတော် (၂၄)ပါး၊ သီလရှင် (၄)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး လာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေလေ့လာဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ တိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝများတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။
ပန်းဘဲတန်းမြို့နယ်ရုံးတွင် လူငယ်များအတွက် လူငယ်နှင့်စာရိတ္တ အသိပညာပေး Talk Show ဆောင်ရွက်
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက် (၁၀)နာရီတွင် လူငယ်များ အသိပညာဗဟုသုတရရှိပြီး စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
ကျောက်တံတားမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်  နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြသခြင်း ဆောင်ရွက်
Mar 23,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ်  နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ (၁:၃၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးခရိုင် လူထုအ‌‌ခြေပြုဗဟိုဌာန၌ လူငယ်‌များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Mar 23,2023
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၅)ဖွင့်ပွဲအခမ်းအနား သယံဇာတရေးရာဝန်ကြီး တက်ရောက်
Mar 23,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဖွင့်လှစ်ပို့ချသည့် ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။