ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ CSR ရန်ပုံငွေဖြင့်ဆောင် ရွက်နေသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး  မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ CSR ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲကသွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကန်နီကြီးတဲတိုက်၊ တာလန်းကန်တဲတိုက်နှင့် တောစွန်တဲတိုက်တို့သောက်သုံရေအသုံးပြုသုံးစွဲနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၂-၂၀၂၃(CSR)ခွင့်ပြုရန်ပုံငွေ (၁၄.၈၀)သန်းဖြင့် တူးဖော်နေသည့် အလျား ၂၀၀ ပေ၊ အနံ ၁၀၀ ပေ၊ အနက် ၆ ပေ မြေသားရေကန်တူးဖော်နေသည့် အခြေအနေ၊ ရွာလုကျေးရွာ၌ ၂၀၂၂-၂၀၂၃ (CSR) ရန်ပုံငွေ (၁၉.၈၀)သန်းဖြင့်ဆောင်ရွက်နေသည့် အလျား ၁၇၂  ပေ၊ အနံ ၁၀၀ ပေ၊ အနက် ၁၁ ပေ၊ မြေသားရေကန်တူးဖော်ပြီးစီးမှု၊ တောရွာကျေးရွာ ပိုက်လိုင်းသွယ်တန်းခြင်း ၂၀၂၂- ၂၀၂၃ (CSR) ရန်ပုံငွေ (၁၈.၀၀)ကျပ်သန်းဖြင့်ဆောင်ရွက်နေသည့် ၃ လက်မ PVC X ၁၅၀၀ ပေ၊ ၂ လက်မ PVC x ၂၅၀၀ ပေ ပိုက်လိုင်းသွယ်တန်းပြီးစီးမှုအခြေအနေတို့ကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီတို့ဖြင့် မြေသားရေကန်တူးဖော်ပြီးစီးမှု အခြေအနေများ၊ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများအားကွင်းဆင်း စစ်ဆေးကြရာ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးက စတင်ဆောင်ရွက်သည့် အခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့်ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းများအား ရှင်းလင်းပြောကြားပြီးနောက် ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက မြေပြင်ဆောင်ရွက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း