သတင်းများ

ငဖဲမြို့နယ်  မြစ်ဖျားကျေးရွာအုပ်စုမှ နွားကောင်ရေ (၁၁၀) ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းနာရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Mar 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူ များမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင် ရန်အတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြစ်ဖျားကျေးရွာအုပ်စုသို့ သွားရောက်၍ နွားကောင်ရေ (၁၁၀) အား ပေါင်ပုပ် လက်ပုပ်ရောဂါနှင့် ဒေါင့်သန်းနာရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများ ဖြန်းပေးခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သစ်နှင့် စက်မှုစိုက်ပျိုးနှင့် မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်တို့အား မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Mar 27,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ပြည်သူ့ဆေးရုံ၏ နှစ်ထပ်အထူးကြပ်မတ်ကုသဆောင်သစ်နှင့် အထက(၁)သထုံ ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်တို့ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းကကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဝန်ကြီးများ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ခဲ့ကြသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် မြန်အောင်မြို့ ရွှေဘုံသာမြို့မလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 27,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ရိုင် မြန်အောင်မြို့ ရွှေဘုံသာမြို့မလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။  
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထူးကြီးမြို့၊ ဘုရားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Mar 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ ဘုရားလမ်းတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီ ၁၅မိနစ် အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Mar 27,2023
ယနေ့ကျရောက်သော (၇၈) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က  တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး  Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၌ ၇၈ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်
Mar 27,2023
၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ဂေါက်ကလပ် မြက်ခင်းပြင်၌ ကျင်းပသည်။
ပိုးသတ်ဆေးဖြန်းခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နွားပွဲဈေးနှင့်မွေးမြူရေးခြံများတွင် ခြံဖြန်းပိုးသတ်ဆေး လိုက်လံပက်ဖြန်းခြင်းဆာင်ရွက်
Mar 27,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပိုးသတ်ဆေးဖြန်းခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ရွှေကျွန်းတောနွားပွဲ‌‌ဈေးနှင့် ရပ်ကွက်ကျေးရွာများအတွင်းရှိ မွေးမြူရေးခြံများတွင် (Vircon) ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံပတ်ဖြန်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၈) ကြိမ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၁၀) ရပ်ကွက်၊ ဝိဇယလမ်း၊ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၈) ကြိမ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၁၀) ရပ်ကွက်၊ ဝိဇယလမ်း၊ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဝိဇယလမ်း၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။