မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်
Mar 27,2023
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ငလျင်ဘေး သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ်လ ၂၅ ရက် ယနေ့နံနက် ၁၀ နာရီအချိန်က မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေဘီနှင့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဇာတ်တိုက်လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်လေ့ကျင့်ကြသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။